Skip to main content

Thinking About Selling Your Altcoins? 5 Mistakes to Avoid

တချို့ crypto trader တွေက အမြတ်နည်းနည်းရလာတယ်၊ ဈေးလေးနည်းနည်းတက်လာပြီဆိုတာနဲ့ ရှေ့နောက်မကြည့်ပနဲ့ အကုန်ရောင်းမယ်ဆိုတာကြီးပါပဲ။ ကျွန်တော့် အသိတွေထဲမှာလည်း အများကြီးရှိပါတယ်။ အဲ့တော့ သူတို့တွေက နောက်ထပ် ဈေးတက်လာတဲ့အခါ ထပ်ရမယ့် အခွင့်အရေးအကြီးကြီးတွေကို လက်လွတ်ဆုံးရှုံးလိုက်ရတာတွေ ရှိပါတယ်။ ကျွန်တော်ဆိုရင်လည်း စလေ့ခါစက အဲ့လိုလွတ်သွားတဲ့ အခွင့်အရေးတွေမှ အများကြီးပါပဲပေ့ါနော်။ ညီကိုတို့ကိုလည်း သိမှာပါ။ ကိုယ်ရောင်းပြီးမှ ဈေးတက်သွားတာတို့၊ ကိုယ်ဝယ်ပြီးမှ ဈေးကျသွားတာတို့ ဘာတို့ပေါ့။ ဒီ video မှာ ညီကိုတို့လည်း ကျွန်တော်တို့လိုမဖြစ်အောင် coin တွေရောင်းတော့မယ်ဆိုရင် မလုပ်သင့်တဲ့ အချက်(၅)ချက်ကို မျှဝေပေးချင်ပါတယ်။ ခုပြောမယ့်အချက်တွေက တစ်ချက်နဲ့ တစ်ချက် ဆက်စပ်နေတာမို့လို့ အဆုံးထိ သေချာကြည့်ဖို့တော့ လိုပါလိမ့်မယ်။ ပြီးတော့ ညီကိုတို့ရဲ့ crypto journey ကလည်း အရင်ကထက် ပိုပြီး အဆင်ပြေလာမယ်လို့ ယူဆပါတယ်။

အပိုင်း ၁: စိတ်လှုပ်ရှားမှုကို အခြေခံပြီး ရောင်းချခြင်း

ပထမဆုံးမလုပ်သင့်တာတစ်ခုက စိတ်လှုပ်ရှားမယ် FOMO တွေဝင်ပြီးတော့ ရတဲ့ဈေးနဲ့ အကုန်ရောင်းချတာပါ Crypto ဆိုတာမျိုးက ဈေးအတက်အကျကြမ်းပြီးတော့ စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုတာ ညီကိုတို့လည်း သိပြီးသားပါ။ အဲဒီ စိတ်လှုပ်ရှားတာက ကျွန်တော်တို့အတွက် အကြီးဆုံးပြဿနာပါ။ ဈေးကွက်ရဲ့ 80% က စိတ်နဲ့ သက်ဆိုင်နေတာဆိုတော့ အဲဒီစိတ်ကို မထိန်းချုပ်နိုင်ဘူးဆိုရင် ဆုံးရှုံးဖို့က များပါတယ်။ သတင်းတစ်ခုခုကြောင့် ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် ဈေးတွေရုတ်တရက်ထိုးတက်တဲ့အခါမှာ တချို့ အတွေ့အကြုံနုတဲ့ trader တွေက ဝမ်းသာပြီးတော့ ရောင်းချင်စိတ်တွေပေါက်လာတတ်ပါတယ်။ တကယ်လို့သာ ရောင်းထုတ်လိုက်မယ်ဆိုရင် နောက်ထပ် ထပ်ရမယ့် အမြတ်အစွန်းတွေက လက်လွှတ်လိုက်ရတာမျိုး ဆုံးရှုံးမှုကြီးကြီးမားမားနဲ့ ကြုံရနိုင်ပါတယ်။ ဘယ်လိုရှောင်မလဲ?
  • ဒါကြောင့် ဈေးတက်တဲ့ နောက်ကွယ်က အကြောင်းအရင်းကို သေချာလေ့လာပါ။ အဲ့လိုလေ့လာပြီးတော့မှ ရောင်းသင့် မရောင်းသင့်ကို ချင့်ချိန်သင့်ပါတယ်။
  • ပြီးတော့ ဈေးအတက်အကျကို စိတ်ခံစားချက်နဲ့ လုံးဝမဆုံးဖြတ်ပါနဲ့ပါနော်။ နောက်ပြီးတော့ ဘယ်ဈေးရောက်ရင် ဘယ် coin ကို ရောင်းမယ်ဆိုတာကိုလည်း ကိုယ့်ရဲ့ စည်းကမ်းအတိုင်း ကြိုပြီးသတ်မှတ်ထားပါ။ စည်းကမ်းမရှိရင် ဆုံးရှုံးမှုက များနိုင်ပါတယ်။

အပိုင်း ၂: Research မလုပ်ခြင်း

ဒုတိယ အလုပ်သင့်တဲ့အမှားကိုပြောပါဆိုရင် သေချာမလေ့ပဲနဲ့ coin တွေကိုရောင်းတာပါ coins တွေ ရောင်းဖို့ဆုံးဖြတ်တဲ့အခါ ရောင်းမယ့် coin ရဲ့ နောက်ကွယ်က နည်းပညာ၊ အဖွဲ့အစည်း၊ ဒါမှမဟုတ် နောက်လာမယ့် update တွေအကြောင်း သေချာမသိရင် အဆင်မပြေပါဘူး။ ဥပမာ ကိုယ်ဝယ်မယ့် coin က မကြာခင်မှာ ကြီးမားတဲ့ partnership တစ်ခုထွက်လာတာမျိုး ပြီးတော့ Whale တွေ၊ အဖွဲ့အစည်းကြီးတွေက ဝယ်ကြတော့မယ်ဆိုတာမျိုး အဲဒီသတင်းတွေမထွက်ခင်မှာ ရောင်းလိုက်ရင် အမြတ်တွေအများကြီး လွဲချော်သွားနိုင်ပါတယ်။ ဘယ်လိုရှောင်မလဲ?
  • အဲ့ကြောင့် crypto နဲ့ပတ်သက်တဲ့ နောက်ဆုံးရ သတင်းတွေကို သေချာလေ့လာပါ။
  • CoinGecko တို့ CoinDesk တို့ CoinMarketCap တို့လို ဆိုဒ်တွေကနေ သတင်းတွေကို လေ့လာလို့ရပါတယ်။
  • ကျွန်တော့် telegram channel ပြီးတော့ Facebook မှာလည်း နောက်ဆုံးရ crypto သတင်းတွေ အမြဲတင်ပေးနေပါတယ်။

အပိုင်း ၃: အခွန်နဲ့ အခကြေးငွေကို လျစ်လျူရှုထားခြင်း

တတိယတစ်ခုက အခွန်နဲ့ trading Fee တွေကိုသတိမထားတာပါ။ coin တွေရောင်းတဲ့အခါမှာ ကျွန်တော်တို့ရတဲ့ အမြတ်အပေါ်မှာမူတည်ပြီးတော့ ပေးရမယ်အခွန်တွေလည်း မေ့ထားတတ်ကြပါတယ်။ တခြားနိုင်ငံတွေမှာ အခွန်ကိစ္စတွေရှိပေမယ့် ကျွန်တော်တို့ နိုင်ငံမှာတော့ အဲအခွန်ကိစ္စကမရှိတော့ ထည့်တွက်စရာတော့ မလိုပါဘူး။ ဒါပေမယ့် Exchange တွေရဲ့ Trading Fee များတာ နည်းတာကိုတော့ ထည့်တွက်ရပါမယ်။ ဒါတွေကို သတိမထားဘူးဆိုရင် ကျွန်တော်တို့ရသင့်တဲ့ အမြတ်ထက် နည်းတာကိုပဲ ရလာနိုင်ပါတယ်။ ဘယ်လိုရှောင်မလဲ?
  • မြန်မာမှာက အခွန်ကိစ္စက မရှိတော့ အဆင်ပြေပါတယ်။
  • ဒါပေမယ့် Trading Fee ကိုတော့ကြည့်ပါ။ ကျွန်တော်ဆိုရင် စလေ့လာခါစက FOMO တွေတယ် သေချာ Research မလုပ်တတ်တော့ coin ကို တစ်မီနစ်အတွင်း $5,000-$6,000 လောက်လုပ်တော့ အဝယ်တစ်ကြောင်းတည်းကို trading Fee က $2.5 လောက်ပေးရပါတယ်။ ဒါတောင် Binance ကရတဲ့ discount တွေကိုသုံးထားလို့ အဲ့လောက်သက်နေတာပါ။ ညီကိုတို့လည်း fee သက်သာချင်တယ်ဆိုရင် trading လုပ်တိုင်း 10% discount ရတဲ့ ဒီ code လေးကို သုံးပြီး ကာကွယ်ထားလို့ရပါတယ်။ ရေတိုမှာ Trading Fee ကမသိသာပေမယ့် တစ်လနှစ်လကြာလို့ ပြန်တွက်ကြည့်ရင် အရမ်းများပါတယ်။ ဒါတောင် လပိုင်းပဲရှိပါသေးတယ်။ နှစ်တွေနဲ့ ချီရင် မလွယ်ဘူးပေါ့နော်။

အပိုင်း ၄: မဖြစ်မနေ အရောင်းအဝယ်လုပ်ခြင်း

နံပါတ်လေးခုမြောက်က ဇွတ်အတင်းကြီး အရောင်းအဝယ်လုပ်တာမျိုးတွေ မလုပ်သင့်ပါဘူ။ ဈေးကွက်ကို အချိန်တိုင်းစောင့်ကြည့်ပြီးတော့ အမြဲတန်း ဝယ်ရောင်းလုပ်နေတာက အချိန်ကုန်ရုံတင်မကဘဲ ဆုံးရှုံးမှုတွေအရမ်းများပါတယ်။ ပြီးတော့ trading fee တွေလည်း နစ်နေအောင် အတော်လေး ကုန်ပါတယ်။ တချို့ဆို chart ကြီးကိုပဲ မျက်တောင်မခတ်တမ်းကြည့်နေတဲ့ သူတွေကို မြင်ဖူးပါတယ်။ အဲ့လိုကြီးက အဆင်မပြေသလို ကျန်းမာရေးလည်းထိခိုက်ပါတယ်။ တကယ်တော့ သေချာတဲ့ coin တွေကို ရွေးပြီး ရေရှည် သွားတာက ပိုသင့်တော်ပါတယ်။ ဘယ်လိုရှောင်မလဲ?
  • ဒါကြောင့် ကိုယ့်ရဲ့ portfolio ကို မကြာခဏဆိုသလို ပြန်သုံးသပ်ပါ။
  • ရေရှည်ကိုင်မယ့် coin တွေကို HODL ဆိုတဲ့အတိုင်း Hold On for Dear Life မဟာဗျူဟာကို သုံးကြည့်ပါ။
  • ဈေးအတက်အကျကို technical analysis လုပ်ပြီး စနစ်တကျ ဝယ်ရောင်းတာက ပိုအဆင်ပြေပါတယ်။

အပိုင်း ၅: အားလုံးကို တစ်ပြိုင်နက်ရောင်းချခြင်း

နောက်ဆုံး မလုပ်သင့်တာတစ်ခုက Beginner တိုင်းလုပ်နေတဲ့ အမှားအကြီးကြီးပါ။ ဈေးလေးနည်းနည်းတက်လာပြီဆိုတာနဲ့ coin တွေအားလုံးကို တစ်ပြိုင်နက်တည်း ရှေ့မကြည့်နောက်မကြည့် အကုန်ရောင်းထုတ်တာပါ။ အဲ့လို coins တွေအားလုံးကို တစ်ခါတည်း ရောင်းပစ်လိုက်တာကြီးက ကျွန်တော့်အထင် သိပ်တော့ အဆင်မပြေပါဘူး။ တကယ်လို့သာ ရောင်းပြီးတော့မှ ဈေးထပ်တက်သွားရင် ကျွန်တော်တို့ရမယ့် အခွင့်အရေးတွေက လွဲချော်သွားနိုင်ပါတယ်။ ဘယ်လိုရှောင်မလဲ?
  • ဆိုတော့ ဝယ်ထားတဲ့ coin တွေကို 10% ဆို 10% ဒါမှမဟုတ် 20% ဆိုလည်း 20% ပေါ့ဗျာ။ အဲ့လိုလေး တစ်ပိုင်းချင်းစီခွဲရောင်းတာက အဆင်ပြေပါတယ်။ အရင်တုန်းကဆိုရင် အဲ့လိုဈေးတွေ နည်းနည်းတက်တာနဲ့ ထပ်မတက်နိုင်ဘူးလို့ယူဆပြီး အကုန်ရောင်းထုတ်တာပါ။ ကိုယ်လည်းရောင်းပြီးရော ဈေးက ထပ်တက်သွားပါတယ်။ အဲ့မှာ ထပ်ရမယ့် အခွင့်အရေးက ဆုံးရှုံးသွားပါတယ်။ ပြီးတော့ အပေါ်ဈေးရောက်တော့ ထပ်တက်မယ်အထင်နဲ့ ပြန်ဝယ်လိုက်ခါမှ ဈေးပြန်ကျပြီး ဆုံးရှုံးတာတွေ ဖြစ်လာတာ ကိုယ်တွေ့ပါ။ အဲ့လို ခဏခဏဖြစ်တော့ အခုတော့ မှတ်သွားပါပြီ။
  • နောက် coin တစ်မျိုးတည်း မဝယ်ပဲနဲ့ တခြားအလားအလာ ရှိတဲ့ coin တွေကိုရှာပြီး ခွဲဝယ်ထားပါ။
  • နောက်ဆုံး ကျွန်တော်အကြိုက်ဆုံးက Dollar-Cost Averaging လို့ခေါ်တဲ့ DCA ကို အသုံးပြုတာပါ။ အဲဒီ DCA က အချိန်ကုန် လူပင်ပန်းတာ သက်သာသလို Risk လည်း နည်းပါတယ်။ တကယ်လို့ DCA ကိုလေ့လာချင်တယ်ဆိုရင် ဒီ video မှာလအသေးစိတ် ရှင်းထားပါတယ်။ လေ့လာကြည့်ပါ။
  • Coin တွေကိုဘယ်အချိန်မှာ ဝယ်ရမလဲ မသိဘူးဆိုသူတွေက ဒီ buy the dip video ကိုကြည့်ပြီး ဝယ်လို့ရပါတယ်။
(စခရင်ပေါ်မှာ DCA ရှင်းပြထားတဲ့ ပုံတစ်ပုံ ထည့်ပါ)

နိဂုံး

ဒါဆိုရင် ညီကိုတို့အနေတဲ့ Altcoins ရောင်းတဲ့အခါ မလုပ်သင့်တဲ့ အမှားငါးခုကို သိသွားမယ်လို့ထင်ပါတယ်။ 😎 ဒါတွေက ကျွန်တော်ကိုယ်တိုင်း ကြုံတွေ့ခဲ့ရတဲ့ အချက်တွေဖြစ်တော့ ညီကိုတို့က ရှောင်ရှားပြီး crypto journey ကို ပိုပြီး စမတ်ကျကျ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ညီကိုတို့ရော ဘယ်လိုနည်းလမ်းတွေကို သုံးပြီးတော့ coin တွေဝယ်နေလဲ ရောင်းနေလဲ၊ ပြီးတော့ ဘယ်လို coin တွေကို ဝယ်ဥထားပြီးလဲ ဆိုတာ မျှဝေခဲ့ပေးပါဦး