Skip to main content
Trader တိုင်းက အမြတ်ရချင်လို့ Trading လုပ်နေကြတာပါ။ အရှုံးခံမယ့်သူ အလှူလုပ်နေတဲ့သူ ဆိုပြီးတော့ တစ်ယောက်မှ မပါ ပါဘူးပေါ့နော်။ တချို့ကလည်း Trading ဆိုတာ အထီးမှန်း အမမှန်း မသိပဲနဲ့ ဘေးက မြောက်ပေးတိုင်း အကုန် all in လိုက်တော့ နောက်ဆုံး မျက်ရည်နဲ့ မျက်ခွက်ကြီးပဲ ကျန်ခဲ့တာက ကိုယ်တွေပါ။ Trading မှာ Buy ခလုပ်နဲ့ Sell ခလုပ် နှစ်ခုပဲ ရှိတယ်ဆိုပေမယ့် အရေးကြီးတာက အဲဒီ ခလုပ်တွေကို ဘယ်အချိန်မှာ နှိပ်သင့်တယ် Coin တွေကို ဘယ်အချိန်မှာဝယ်သင့်တယ်၊ ဘယ်အချိန်မှာ ရောင်းသင့်တယ်ဆိုတာက အရေးအကြီးဆုံးပါ။ ဒီ Video မှာ ကျွန်တော့်ကို အမြတ်ရအောင် လုပ်ပေးနေတဲ့ Trading Strategy တွေကို မျှဝေပေးပါ့မယ်။ အဲဒီ Trading Strategy က အခုမှစပြီးလေ့လာတဲ့ သူတွေတောင်မှ အလွယ်တကူ သုံးလို့ရပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက စိတ်ရှည်ရမှာပါ။ စိတ်မရှည်ဘူးဆိုရင် ဆုံးရှုံးနိုင်ခြေက အရမ်းများပါတယ်။ ကျွန်တော်တို့က အလုပ်လုပ်နေကြတာပါ၊ အသုတ်သုတ်နေကြတာ မဟုတ်ပါဘူး။ Trading မှာ 80% လောက်က စိတ်နေစိတ်ထားဖြစ်တော့ စိတ်ရှည်ဖို့က အရေးကြီးဆုံးပါ။ Ok ဒါဆို စရအောင်ပါ။

Buy the dip ဆိုတာဘာလဲ

Buy the dip ဆိုတာက ဈေးကျတဲ့အချိန်မှာ ဝယ်တာပါ။ ဒါဆိုရင် ဈေးဘယ်လောက်ထိ ကျတဲ့အခါဝယ်ရမလဲပေါ့။ Exchange မှာ coin ရဲ့ညာဘက်မှာ အခုလို % လေးတွေရှိပါတယ်။ တစ်ရက်အတွင်းမှာ အဲဒီ % တွေက 5% ဒါမှမဟုတ် 10% လောက်ဈေးကျရင် ကျွန်တော်က ဝယ်ပါတယ်။ အဲတော့ ကိုယ်က 5% ဈေးကျတိုင်းမှာ ဝယ်မှာလား ဒါမှမဟုတ်ပဲနဲ့ 10% အထိ ဈေးကျတိုင်းဝယ်မှာလားဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ရမှာပါ။ တချို့က 10% လောက်မဖြစ်မနေဈေးကျမှ ဝယ်ကြပေမယ့် တစ်ခါတစ်လေမှာ 9% လောက်ဈေးကျပြီးမှ အပေါ်ကို ပြန်တက်သွားတာမျိုးရှိတတ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ရမယ့် အခွင့်အရေးက 1% လောက်နဲ့ လက်လွတ်လိုက်ရတာမျိုးရှိပါတယ်။ ဒါက buy the dip ရဲ့ အားနည်းချက်ဖြစ်သွားတာပါ။ ကျွန်တော်က 5% လောက်ဈေးကျတိုင်း ဝယ်ပါတယ်။ ဒီနေ့ 24 နာရီအတွင်း 5% ဈေးကျတယ် ဝယ်တယ်၊ တကယ်လို့ အဲဒီနေ့မှာပဲ နောက်ထပ် 5% ဈေးကျရင်လည်း ထပ်ဝယ်ပါတယ်။ နောက်နေ့ 5% ဈေးကျတယ် အဲဆိုရင်လည်း ထပ်ဝယ်ပါတယ်။ များသောအားဖြင့် Crypto မှာ Market cap ကြီးတဲ့ coin တွေက 5% လောက်ဈေးကျရင်ကို အခြေအနေ သိပ်မကောင်းတော့ဘူးပေါ့နော်။ ဥပမာ အမေရိကန် ဗဟိုဘဏ်ကနေ သတင်းကြီးတွေထွက်လာတာ၊ Whale တွေ ရောင်းထုတ်တာတွေ၊ coin တွေ Hack ခံရတာတွေ ဆိုရင် 5% ကနေ 10% လောက်အထိက ရုတ်တရက်ဈေးကျတာတွေရှိပါတယ်။ အဲ့အချိန်မှာ 10% လောက်အထိ ကျသွားနိုင်ပေမယ့် မဝယ်ပါနဲ့။ အကြောင်းက ထပ်ကျနိုင်လို့ပါ။ နောက်ဆုံး ဈေးကျပြီးမှ အောက်မှာ ငြိမ်နေပြီဆိုရင် ဝယ်ဖို့ ဆုံးဖြတ်ရမှာပါ။ ပြန်ရောင်းရင်လည်း 5% ကနေ 10% ဈေးတက်ရင် ပြန်ရောင်းပါတယ်။

ဘယ် token တွေကိုရွေးချယ်သင့်လဲ

ဒီနေရာမှာအရေးကြီးဆုံးက ဝယ်မယ့် token တွေကို ရွေးချယ်တာပါ။ ကိုယ်ဝယ်တဲ့ coin က လက်ရှိရော၊ အနာဂတ်မှာပါ အသုံးဝင်တာ ဘာမှမရှိဘူး၊ လူတွေလည်း စိတ်ဝင်စားတာမရှိဘူး ဆိုရင် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူးပေါ့နော်။ ဒါဆိုရင် ဒီလောက်ထောင်ချီနေတဲ့ Crypto Market မှာ ဘယ် coin တွေကောင်းလဲ၊ ဘယ် coin တွေကိုရွေးရမလဲဆိုတာ ခေါင်းရှုပ်စရာ ဖြစ်နေပါတယ်။ အကောင်းဆုံးက Coinmarketcap ရဲ့ ထပ်ဆုံး top 20 ထဲက coin တွေရွေးဝယ်တာက အကောင်းဆုံးပါပဲ။ စဉ်းစားကြည့်ပါ။ ထိပ်ဆုံးကို ရောက်လာပြီဆိုကလည်းက လူတွေယုံကြည်လို့၊ လူတွေယုံတော့ အဲ coin ထဲကို ပိုက်ဆံတွေထည့်လာကြတယ်၊ ပိုက်ဆံတွေထည့်လာတော့ marketcap လည်းကြီးလာတယ်၊ အဲလိုကြီးလာတော့ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတွေ၊ Whale တွေ၊ ငွေကြေးအဖွဲ့အစည်းကြီးတွေက သူတို့နိုင်ငံ၊ Company တွေရဲ့ အရံငွေအဖြစ် အသုံးပြုလာကြတယ်။ ဒီလိုနဲ့ နိုင်ငံတွေများလာမယ်၊ ငွေကြေးအဖွဲ့အစည်းကြီးတွေဝယ်လာမယ်ဆိုရင် ဈေးက အမြဲတက်နေနိုင်ပါတယ်။ တကယ်လို့ သတင်းတွေမကောင်းလို့ ဈေးကျသွားရင် အဲ coin တွေက ဈေးကျသွားရင်တောင်မှ အလွယ်တကူ ဈေးပြန်တက်လာတဲ့ coin တွေမျိုးကို ရွေးချယ်ရမှာပါ။ ကျွန်တော်က Bitcoin, Ethereum, BNB, Solana, XRP, SUI ကိုသဘောကျပါတယ်။

တခြားနည်းတွေနဲ့ပေါင်းစပ်ပြီးသုံးကြည့်ပါ

ကျွန်တော် facebook တို့ telegram တို့မှာ ကျွန်တော်က ဘယ်လောက်ဝယ်လိုက်ပါပြီ၊ ဘယ်ဈေးအထိ ထိုင်စောင့်မယ်၊ လက်ရှိမှာ အမြတ်က ဘယ်လောက်ရနေပြီ ဆိုတဲ့ post က အခုပြောထားတဲ့ buy the dip နည်းလမ်းကို သုံးထားတာပါ။ နောက်တစ်ခုက fibonacci retracememt နဲ့လည်း တွဲပြီးသုံးပါတယ်။ ကိုယ်ဝယ်မယ့် coin တစ်ခုရဲ့ ပြီးခဲ့တဲ့ အချိန်က အောက်ဆုံးကို ရောက်ခဲ့တဲ့ ဈေး Swing low နဲ့ လက်ရှိ အမြင့်ဆုံးရောက်ခဲ့တဲ့ ဈေး Swing hegh ကိုကြည့်ပြီး fibonacci retracememt ကိုဆွဲလိုက်ပါတယ်။ ပြီးရင် အခု coin ရဲ့ ပြန်ကျလာတဲ့ဈေးက 0.382, 0.5, 0.618 အထိ တစ်ခုခုမှာ ဈေးလာထိပြီဆိုရင် အဲဒီ မျဉ်းတွေကို Breakout ထပ်ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာပေါ်မူတည်ပြီး coin တွေဝယ်ဖို့ ဆုံးဖြတ်ပါတယ်။ ကျွန်တော်က 0.5 နဲ့ 0.618 ကြားကို ဈေးရောက်မှ ဝယ်ပါတယ်။ အဲဆိုရင် ခုဏက buy the dip ရဲ့ 5% လောက်ကိုလည်း မှီပါတယ်။ ပြီးတော့ အဲဒီ 0.5 နဲ့ 0.618 က support zone တွေနဲ့လည်း ထိတာပါ။

နိဂုံး

ဆိုတော့ ဒါက ကျွန်တော်နေ့တိုင်းအသုံးပြုနေတဲ့ Trading Strategy ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်က Spot trading ပဲလုပ်ပါတယ်။ time fram က 1day, 4hr နဲ့ 1 hr တွေကို ကြည့်ပါတယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင် ကိုယ်ဝယ်မယ့် coin ရဲ့ဈေးက တစ်နေ့တာအတွင်းမှာ 5% ဒါမှမဟုတ် 10% လောက်အထိ ဈေးပြန်ကျလာရင် ဝယ်ဖို့စဉ်းစားပါ၊ ပြန်ကျလာတဲ့ဈေးက fibonacci retracememt ရဲ့ 0.5, 0.618 ကြားကို ရောက်ရင် ဝယ်ဖို့ ပြင်ဆင်ပါ။ နောက်ဆုံး 0.618 ရဲ့ မျဉ်း ပြီးခဲ့တဲ့ support zone တွေကို အခုဆင်းလာတဲ့ ဈေးက မဖောက်နိုင်တော့ဘူး ဆိုရင် ဝယ်လို့ရပါပြီ။ ဆိုတော့ ညီကိုအတို့ အတွက် ဒီ video က အကျိုးရှိမယ်လို့ ထင်ပါတယ်။ ညီကိုတို့ရော ဘယ်လို Strategy တွေကိုသုံးပြီး Trading လုပ်နေလဲဆိုတာ အောက်က comment မှာရေးခဲ့ပေးပါဦး။