ဒီ Post မှာ စာဖတ်သူညီကိုတို့အနေနဲ့ Crypto မှာ Spot ပဲဖြစ်ဖြစ် Leverage ယူပြီးလုပ်တာပဲဖြစ်ဖြစ် ကိုယ်နှစ်ပေါင်းများစွာ မစားမသောက် ခက်ခဲပင်ပန်းဆင်းရဲစွာ ရှာဖွေစုဆောင်းထားသမျှ Post ထဲက ဘဲကြီးလို တစ်ညတည်းနဲ့ အကုန်ပြောင်းမသွားအောင် တခြားသူလုပ်ခဲ့တဲ့အမှားကို ကိုယ်တွေသင်ခန်းစာတချို့ ယူလို့ရအောင် မျှဝေပေးထားပါတယ်။
— ကျွန်တော့် ၆ နှစ်လုံးလုံး DCA လုပ်လာခဲ့တဲ့ အရာအားလုံး မနေ့ညက liquidated ဖြစ်သွားခဲ့ပါပြီ။ ကျွန်တော်က အချိန်ကုန်ခံပြီး trading မလုပ်တဲ့ သူတစ်ဦးပါ။ အမြဲတမ်း leverage တွေမသုံးဖို့နဲ့၊ ငွေဖြည့်ပြီး DCA ပဲလုပ်ဖို့ အခြားသူတွေကို ပြောနေတဲ့ သူတစ်ယောက်ပါ။ ဒါပေမဲ့ “တခြားသူကို မလုပ်ပါနဲ့၊ မကောင်းဘူး” လို့ပြောနေတဲ့သူက ဒီနေ့တော့ ကိုယ်ကိုယ်တိုင် လုပ်နေတဲ့သူ ဖြစ်သွားခဲ့ပါတယ်။ ဒီဝမ်းနည်းဖို့ကောင်းတဲ့ အကြောင်းအရာက နည်းပေမဲ့ community အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါမိတယ်။ လူတိုင်းမှာ leverage သုံးရတဲ့ အကြောင်းရင်းက မတူကြတာတော့ အမှန်ပါ။ ကျွန်တော့်အတွက်တော့ Bitcoin က အမြဲတမ်း ရှိနေမယ်၊ ဈေးတက်မယ်ဆိုတာကိုလည်း အမြဲယုံကြည်ပြီးသား။ ဒါကြောင့် ကျွန်တော်က မကြာခဏဆိုသလို DCA နဲ့ BTC ဝယ်နေခဲ့တာပါ။ လစဉ်လစာရလာတိုင်း အိမ်အသုံးရိတ်တွက်ဖယ်ပြီး ကျန်တဲ့အပိုငွေကို Bitcoin ဝယ်နေခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၁)နှစ်-(၂)နှစ်အတွင်း ကျွန်တော့်ရဲ့အသုံးစရိတ်က တဖြည်းဖြည်း တက်လာတာနဲ့အတူ BTC များများမဝယ်နိုင်တော့တာကို စိတ်မကောင်းဖြစ်လာခဲ့တယ်။ အဲဒီမှာ “leverage ၁‒၂ ခါ လုပ်လိုက်တာနဲ့ ငွေတွေပြန်လည်ဖြည့်နိုင်မယ်” ဆိုတဲ့ အတွေးကို ကျွန်တော်ရခဲ့ပါတယ်။ အဲ့ထဲကနေ အားလုံး ငါးပါးမှောက်သွားခဲ့တာပါပဲ။ မနေ့ညက ကျွန်တော့်ပိုက်ဆံတွေ အကုန်ဆုံးသွားခဲ့ပါတယ် — ဒီနေ့အချိန်အထိ ကျွန်တော့် စုဆောင်းထားတဲ့ငွေတွေ အကုန်ဆုံးသွားခဲ့ပြီး၊ လက်ထဲကျန်တဲ့နောက်ဆုံးငွေကလည်း အလုပ်တစ်လစာရတဲ့ ပမာဏလောက်ပဲ ကျန်တော့တာ။ ကျွန်တော် အသက် ၃၆ နှစ် ရှိပါပြီ။ အသက်အရွယ်အတွက် အခုလိုဖြစ်သွားတာကို နောက်တရမိတယ်လို့ပဲပြောရမလား။ အရင်က စုထားခဲ့တာအထိ ပြန်ရောက်ဖို့ ဘယ်လောက်ကြာခဲ့တယ်ဆိုတာကို တွေးမိတဲ့အခါ တကယ်စိတ်မကောင်းဘူး။ အဲ့ငွေကို leverage မလုပ်ပဲ သုံးနိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲဆိုတာ တွေးမိတာနဲ့ စိတ်ဓာတ်ကျပြီး ခဏခဏပြိုလှဲနေတော့တာပါ။ မိသားစုနဲ့ ဆွေမျိုးတွေကို အခုကိစ္စက ရှက်စရာဖြစ်သွားတာနဲ့လည်း စိတ်ထဲအပူတွေဖြစ်နေခဲ့။ ဒီလိုဖြစ်တာကို တစ်ယောက်တည်းပဲ သိပါစေတော့၊ တခြားသူကို ဘယ်တော့မှ မပြောဘူးဆိုပြီး နေခဲ့တာပါ။ ဒီရှက်စရာကောင်းတဲ့ခံစားချက်ကြီးကို ဘဝတစ်လျှောက်လုံး လိုက်ပါနေမယ်လို့ထင်ပါတယ်ဗျာ။ အခြားသူတွေအနေနဲ့ ဒီလိုငွေကြေးဆုံးရှုံးတာတွေကြောင့် မိမိကိုယ်ကိုယ် သတ်သေတဲ့ Post တွေကို ခဏခဏတွေ့ဖူးပေမဲ့ ကျွန်တော်တော့ အဲ့လိုဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘာကြောင့် သူတို့လေးတွေ အခုလိုခံစားရသလဲဆိုတာကို ကျွန်တော်ကောင်းကောင်းကြီး နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ထပ် ကျွန်တော်ဘာလုပ်မလဲဆိုရင် — “အသက် ၃၆ နှစ်နဲ့ လက်ရှိ ရှိနေတဲ့ မော်တော်ကားချေးငွေတစ်ခုနဲ့ ပရိဘောဂအနည်းငယ်ရှိသေးတာပဲ ဘာမှ မကြောက်မလိုဘူး” ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးအားဖြည့်နေပါတယ်။ လုပ်ငန်းတစ်ခုလည်း ရှိနေသေးတယ်လေ။ နောက်နှစ်အနည်းငယ်လောက် အဆင်ပြေမယ်လို့ ထင်တယ်။ ဒါကြောင့် ငွေပြန်စုဖို့ ထပ်ပြီးကြိုးစားနေပါတယ်။ market cycle ပြန်လည်လာလို့ BTC ဈေးကျလာတဲ့အခါ (၉၀‒၈၀k အောက်) မှာ တဖြည်းဖြည်း ပြန်ဝယ်ဖို့ စိတ်ကူးထားပါတယ်။ ဒီဈေးကလည်း နှစ်အနည်းငယ်အချိန်အကြာမှာ ပြန်ဖြစ်နိုင်လောက်မှာမဟုတ်ဘူးလို့ထင်တယ်။ ၆‒၇‒၈ နှစ်လောက်ကြာမှ ပြန်ရောက်လာနိုင်မယ်ထင်ပါတယ်။ အဲ့အခါမှာတော့ ဘာကြီးပဲဖြစ်နေပါစေ leverage ကို ဘယ်တော့မှ မထိတော့ပါဘူးဆိုတာ ကိုယ့်ကိုယ်ကို သေချာပြောထားပါတယ်။ ဒါပေမဲ့ ခုလိုဖြစ်သွားတော့ အိပ်မပျော်ဖြစ်ခဲ့တဲ့ အိပ်မက်တစ်ခုလိုပါပဲ။ စိတ်မသက်သာလည်းဖြစ်ရတယ်။ ဒါပေမဲ့ တခြား ဘာလုပ်နိုင်မှာလဲလေ။ သေချာတာက စိတ်အဆင်မပြေတော့ ဘာမှမလုပ်နိုင်ဘူး။ Bitcoin ကို ခုမှစပြီးဝယ်သူတွေ လေ့လာသူတွေအနေနဲ့ တစ်ခုမှာချင်တာက “အခုဝယ်ရင် နောက်ကျနေပြီ” လို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ၂၀၂၀ မှာ BTC ဈေး $4,000 ထိကျတဲ့အချိန်မှာတောင် DCA ကို တစိုက်မတ်မတ်လုပ်နေခဲ့တာပါ။ တကယ်လို့သာ မနေ့ကလိုမဖြစ်ခဲ့ရင် ဒီနေ့မှာ အသက် ၃၆ နှစ်အရွယ်နဲ့ စုဆောင်းငွေအများအကြီးဖြစ်နေပါပြီ။ ဒါပေမယ့် ထားလိုက်ပါ။ အခုနေ အစကနေ တစ်ဖန်ပြန်စပြီး ဈေးဘယ်လောက်ဖြစ်ဖြစ် ပြန်ဝယ်ဖို့ စိတ်အားထက်သန်နေပါတယ်။ ကျွန်တော့်ကို အပြစ်တင်မယ်ဆိုရင်လည်း တင်ပါ။ ဒါပေမဲ့ ကျွန်တော်အခုဖြစ်သလို မိတ်ဆွေတို့လည်း ဖြစ်နိုင်တယ်ဆိုတာကိုတော့ သိထားရပါလိမ့်မယ်။ ဘယ်လောက် တော်တော်၊ အတွေ့အကြုံဘယ်လောက် ရှိရှိ ဆိုတာတွေနဲ့ မဆိုင်ဘူး။ ကျွန်တော့်လို “Risk နည်းနည်းပဲယူကြည့်မယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ခဲ့တော့ နောက်နေ့မှာ ငွေတွေ အကုန်ဆုံးသွားသလို ဒီနေရာမှာ မိတ်ဆွေအနေနဲ့ ငွေအကုန်ဆုံးသွားနိုင်ပါတယ်။ ဒါကြောင့်မှာချင်တာက leverage တွေမသုံးပါနဲ့။ အွန်လိုင်းမှာ အောင်မြင်နေတဲ့သူတွေကို မိတ်ဆွေလည်း တွေ့ဖူးမှာပါ။ အဲဒီအောင်မြင်မှုရဲ့နောက်မှာ ဒေါ်လာတစ်ရာ၊ တစ်ထောင် စသဖြင့် ဆုံးရှုံးတာတွေရှိသလို ဘဝတွေ ပျက်သွားတဲ့သူလည်းရှိပါတယ်။ ကျွန်တော်ကတော့ လက်တွေ့ပါပဲ။ အားလုံး ကံကောင်းပါစေဗျာ။ (အဆုံး)
ဆိုတော့ — ကျွန်တော့်တွေးမိတာလေး နည်းနည်းအာချောင်ပါမယ်။ ဒီ post ထဲက လူရဲ့ဇာတ်လမ်းအစက လောဘနည်းနည်းလေး ကြီးသွားတာပါ။ ဒီအတိုင်းပုံမှန်လေး သွားနေတာကို အားမရလို့လုပ်လိုက်တာကြောင့် မဆိုစလောက် အမှားသေးသေးလေးကနေ နောက်ဆုံးဘာမှမကျန်လောက်ကို တိုင်ပတ်သွားခဲ့တာပါ။ ဒါကြောင့် လောဘတက်လာရင် ကိစ္စသေးသေးလေးကနေလည်း အခုလို အကုန်ဆုံးရှုံးသွားနိုင်တဲ့လေး၊ ကိုယ်တွေဆိုရင်လည်း သူ့လို ခဏခဏဖြစ်ပါတယ်။ ဒါပေမယ့် အတတ်နိုင်ကောင်းဆုံး ထိန်းပါတယ်။ ညီကိုတို့ရော ဒီ post ထဲကဘဲကြီးဆီကနေ ကိုယ့်အတွက် ဆင်ခြင်ရမှာတွေ၊ ပြင်ရမှာတွေ ဘာတွေရလိုက်လဲ၊ ကိုယ်တိုင်ကရော သူ့လိုလုပ်ဖူးလား၊ အခုလိုလုပ်နေတဲ့ သူငယ်ချင်းတွေရှိတယ် ဆိုတာ Comment မှာ mention ခဲ့လို့ရသလို ကိုယ့်ရဲ့အတွေ့အကြုံတွေကိုလည်း တခြားညီကိုတွေနဲ့ အတူဆွေးနွေးပေးခဲ့ပါဦး။