Skip to main content
ချစ်သူကောင်မလေးကပေးလိုက်တဲ့မုန့်ဖိုတွေကို အကျိုးရှိရှိအသုံးပြုချင်တယ်ဆိုရင် ကျွန်တော့လို Binance ကိုအသုံးပြုပြီးတော့ DCA နည်းလမ်းနဲ့ investment လုပ်ထားလို့ရပါတယ်။ အဲ့ဒီ DCA လုပ်ထားတာတွေကို တစ်နှစ်တန်သည်ဖြစ်စေ နှစ်နှစ်တန်သည်ဖြစ်စေ investment လုပ်ပြီးတော့ တစ်ချိန်မှာ သူမနဲ့အေးချမ်းသာယာတဲ့ ကိုယ်ပိုင် အိမ်လေးဖြစ်စေ ကားလေးဖြစ်စေ ဝယ်နိုင်သည်အထိ မဟာဗျာဟာကျကျ တည်ဆောက်ထားလို့ ရပါတယ်။ ပိုပြီးမြင်သာအောင် သရက်ပင်လေးနဲ့ ဥပမာပြပေးပါမယ်။ ကိုယ်က သရက်ပင်လေးကို တယုတယနဲ့စိုတ်ပျိုးထားပြီးတော့ အချိန်တန်လို့ အသီးတွေဝေဆာဝင်မှည့်လာတဲ့အခါ အားလုံးက ကိုယ့်အတွက်ချည်းပဲဖြစ်ပါတယ်။ အဲ့ဒီအသီးတွေကို စားပဲစားစား ရောင်းပဲရောင်းရောင်း စိတ်ကြိုက်လုပ်လို့ရပြီဖြစ်ပါတယ်။

DCA ဆိုတာဘာလဲ

ဆိုတော့ ညီကိုတို့အနေနဲ့ DCA က ဘာလဲဆိုတာကို သိချင်နေပြီလို့ ထင်ပါတယ်။ DCA ဆိုတာက Dolar Cost Avergin ကိုပြောတာ ဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင် ဥပမာ ညီကိုတို့က သူမနဲ့အနာဂတ်အိမ်မက်လေးကို အတူတူဖန်တီးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စုဘူးလေးနဲ့ ပိုင်ဆံစုမယ်ဆိုပါစို့။ အဲဒီစုဘူးထဲကို တစ်ရက် $1 ဖြစ်စေ $2 ဖြစ်စေ နေ့စဉ် သတ်မှတ်ထားတဲ့ပမာဏ မပျက်မကွက် ပုံမှန်လေးစုမယ်။ အဲဒါကို တစ်နှစ်ပြည့်လို့ စုဘူးဖောက်မယ်ဆိုရင် တစ်ရက်ကို $1 ဆိုတော့ တစ်နှစ်မှာ 365 ရက်ရှိတာကြောင့် $365 ကို ရမှာဖြစ်ပါတယ်။ ဒါဆိုရင် သူမနဲ အိပ်မက်လေးကို အတူတူအကောင်အထည်ဖော်လို့ရပါပြီ။ DCA ကလည်း အဲ့လိုပါပဲပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့က Crypto Coin တွေကို DAC ဝယ်စုမှာဖြစ်တာကြောင့် ခုဏက ရိုးရိုးသာမာန်စုဘူးစုတာထက်တော့ အားသာချက်တွေ အများကြီးရှိပါတယ်။ ဘယ်လိုအားသာချက်တွေလဲဆိုတော့ ကျွန်တော်တို့က ဝယ်လိုက်တဲ့ Coin တွေကို Binance Eran ထဲ ထည့်ထားမယ်ဆိုရင် နေ့စဉ် အဲ့ကနေ Staking Reward ပြန်ရနေမှာ။ Staking Reward ဆိုတာက တနည်းအားဖြင့် အတိုးပါပဲပေါ့နော်။ နောက်တစ်ခုက ဝယ်ထားတဲ့ Coin တွေ ဈေးတက်လာရင်လည်း အမြတ်တွေရဦးမှာဖြစ်ပါတယ်။ DCA လုပ်ရတဲ့ အဓိကရည်ရွယ်ချက်က Risk နည်းနည်းနဲ့ နေ့စဉ် သတ်မှတ်ထားတဲ့ ငွေပမာဏတစ်ခုကိုအသုံးပြုပြီး အလိုလျှောက် coin တွေဝယ်တာပါ။ အဲဒီ coin တွေကလည်း တစ်ရက်ထက် တစ်ရက် ဈေးတက်မယ့် coin ဖြစ်ဖို့တော့လိုပါတယ်။ ဒါပေမယ့် သိထားရမှာက ငွေကြေးနဲ့ပတ်သက်တဲ့ ဘယ်လို အလုပ်မျိုးမဆို Risk ရှိတာကိုတော့ ထည့်တွက်ထားရမှာဖြပါ။ နည်းတာနဲ့ များတာပဲ ကွာပါတယ်။ DCA က Risk နည်းပါတယ်။ ကိုယ်က Trading လည်းမလုပ်တတ်ဘူး၊ Coin လည်းမရွေးတတ်ဘူး၊ Crypto အကြောင်းဘာမှနားမလည်ဘူးရင် ကျွန်တော်အခုလုပ်ပြတဲ့အတိုင်း လုပ်သွားလို့ရပါတယ်။ ကျွန်တော်က ETH နဲ့ BNB နှစ်ခုကို တစ်ရက် $30 ဖိုး အသုံးပြုပြီးတော့ တည်ဆောက်ထားတာပါ။ ပြီးတော့ SOL တစ်ခုတည်းကိုလည်း တစ်ရက် $30 ဖိုးအသုံးပြုထားပါတယ်။ သူတို့နှစ်ခုရဲ့အမြတ်က လက်ရှိ $200.83 ရှိနေပါပြီ။ ဒီ Portfolio တွေက နှစ်ပတ်လောက်တော့ ကြာပါပြီ။

Binance App မှာ DCA လုပ်နည်း

ဒီလို DCA လုပ်ဖို့အတွက် Binance အကောင့်ရှိဖို့လိုတာကြောင့် အခုဒီမှာပြထားတဲ့ ZOECRYPTO ဆိုတဲ့ Binance Referral ကိုအသုံးပြုပြီးတော့ Trading လုပ်တိုင်းမှာ 10% Discount ရတဲ့အကောင့်ကို ဖွင့်လို့ရပါတယ်။
  1. တကယ်လို့အကောင့်ရှိပြီးသားဆိုရင် Binance ထဲကိုဝင်ပါ။
  2. ပြီးရင် ညာဘက်အပေါ်မှာရှိတဲ့ More ကိုနှိပ်ပါ။
  3. အောက်နားလေးက Trade ကိုနှိပ်ပြီးတော့ Auto-invest ကို ထပ်နှိပ်ပေးပါ။
ဒါဆိုရင် DCA လုပ်တဲ့နေရာကို ရောက်လာပါလိမ့်မယ်။ ပြီးရင် ဘယ်ဘက်အပေါ်မှာရှိတဲ့ Go to convert Recurring ကိုနှိပ်ပါ။ ဘယ်ဘက်အပေါ် From မှာ USDT Logo နဲ့က တစ်ရက်ကို Dollar ဘယ်လောက်အသုံးပြုမလဲ ဆိုတဲ့ ပမာဏကို ထည့်ရမှာပါ။ ဥပမာ တစ်ရက်ကို $10 ဖိုးလား၊ $20 ဖိုးလား၊ $30 ဖိုးလားစသဖြင့်ပေါ့။ ကျွန်တော်က တစ်ရက်ကို $10 ပုံမှန်အသုံးပြုမှာဆိုတော့ 10 လို့ရေးပါ့မယ်။ ဘယ်ဘက်မှာ USDT နဲ့ဝယ်မှာလား USDC မှာလားဆိုတာကို ထပ်ရွေးပေးပါ။ ကိုယ်အဆင်ပြေရာကို ရွေးလို့ရပါတယ်။ ကျွန်တော်က USDT ကိုပဲ အသုံးပြုပါ့မယ်။ နောက်တစ်ခုက ရွေးထားတဲ့ USDT တွေကို ဘယ်အကောင့်ထဲက အသုံးပြုချင်လဲဆိုတဲ့ wallet ကို ရွေးရမှာပါ။ wallet ရွေးဖို့အတွက် ညာဘက်အပေါ်ထောင့်က Available ကိုနှိပ်ပါ။ ပြီးရင် ဘယ် Wallet ထဲက ပိုက်ဆံတွေကိုအသုံးပြုချင်လဲဆိုတာ ထပ်ရွေးရမှာပါ။ ကျွန်တော်က ဒီမှာပြထားတဲ့ Wallet တွေအကုန်လုံးကို အသုံးပြုချင်တာကြောင့် အကုန်လုံး အမှန်ခြစ်ထားပါ့မယ်။ တကယ်က ပိုက်ဆံရှိတဲ့ Wallet တွေကို ရွေးရမှာ။ ကိုယ်အသုံးမပြုလိုတဲ့ Wallet တွေရှိရင် ဘေးက အမှန်ခြစ်ကို ပြန်ဖြုတ်ထားလို့ ရပါတယ်။ ပြီးရင် Confirm ကိုနှိပ်ပါ။ TO ဆိုနေရာမှာက ဘယ် coin တွေကိုဝယ်မှာလဲ ဆိုတာကို ရွေးရမှာပါ။ default အနေနဲ့က BTC ကို ရွေးထားပါလိမ့်မယ်။ coin တွေကို တစ်ခုတည်းဝယ်ရင်လည်းရသလို ကိုယ်ကြိုက်တဲ့ coin တွေ ထပ်ထည့်ရင်လည်း ရပါတယ်။ ကျွန်တော်က တခြားသော coin တွေကိုပါ ဝယ်ချင်တာကြောင့် add ကိုနှိပ်ပါမယ်။ အဲဒီမှာ ကိုယ်ကြိုက်တဲ့ coin တွေကိုရှာပြီး အမှန်ခြစ်ပေးလိုက်ရင် ရပါတယ်။ သိထားရမှာက ကိုယ်ရွေးမယ့် Coin တွေက နောက်နှစ်တွေမှာ ဈေးတက်ဖို့အလားလာရှိတဲ့ coin ဖြစ်ဖို့တော့လိုပါတယ်။ တကယ်လို့ ကိုယ်က ဘယ် coin ရွေးရမလဲ မသိရင် coin market cap ကိုသွားပြီးတော့ top 20 ထဲက အဆင်ပြေရာကို ရွေးလို့ရပါတယ်။ ထိပ်ဆုံးက coin ဖြစ်လေ ရေရှည်အတွက် ပိုစိတ်ချလေလို့ ယေဘုယျအားဖြင့် မှတ်လို့ရပါတယ်။ ဆိုတော့ Binane ထဲပြန်သွားပါ့မယ်။ ကျွန်တော်က SOL, ETH, BNB, SUI တွေကို ကြိုက်တာကြောင့် အဲ့တာတွေကို ရွေးပြီး အမှန်ခြစ်ပေးလိုက်ပါမယ်။ မလိုတဲ့ coin တွေကိုပါ မှားထည့်မိရင် မလိုတဲ့ coin ဘေးနားက အမှားကိုနှိပ်ပြီး ပြန်ဖြုတ်လို့ရပါတယ်။ ကျွန်တော်က SUI ကိုမလိုတော့တာကြောင့် အဲ့တာကို ပြန်ဖြုတ်ပါမယ်။ ပြီးရင် Confirm ကိုနှိပ်ပါ။ အခုဆိုရင် ခုဏက ကျွန်တော်တို့သတ်မှန်ထားတဲ့ တစ်ရက် $10 ကိုအသုံးပြုပြီးတော့ SOL ကို 25% ဖိုးဝယ်မယ်၊ ETH ကို 25% ဖိုး၊ BNB ကို 25% ဖိုး BTC ကို 25% ဖိုးဝယ်မယ်ဆိုတာကို Binance ကနေ auto ရွေးထားပေးပါတယ်။ ကိုယ့်ဘာသာ % တွေကို မကြိုက်ရင် coin ဘေးက % ကိုနှိပ်ပြီး အဆင်ပြေရာ % ကို သတ်မှတ်လို့ရပါတယ်။ ကျွန်တော်က BTC ကိုပြန်ဖြုတ်ချင်တာကြောင့် BTC ဘေးက အမှားကိုနှိပ်ပြီး ပြန်ဖြုတ်လိုက်ပါ့မယ်။ ဒါဆိုရင် ပိုနေ 100% ဖိုးပြည်ပြည့်သွာအောင် လိုနေတဲ့နေရာတွေကို အလိုလျှောက် ပြန်ထည့်ပေးပါတယ်။ အောက်မှာ Setting တွေကို ထပ်ပြုပြင်ဖို့လိုပါဦးမယ်။ Frequency နေရာမှာ ဝယ်ချင်တဲ့အချိန်တွေကို ရွေးလို့ရပါတယ်။ နှိပ်ကြည့်ပါ။ ကျွန်တော်က နေ့စဉ်ဝယ်ချင်တာကြောင့် Daily ကိုရွေးမယ်။ ဝယ်ရမယ့်အချိန်က 23 နာရီကိုရွေးပါမယ်။ ဘာလို့လဲဆိုတော့ များသောအားဖြင့် ဈေးအတက်အကျဖြစ်တာက ညက 8 နာရီမှာဖြစ်တာများပါတယ်။ ကိုယ်အဆင်ပြေရာကို ရွေးပါ။ ရွေးပြီးပြီဆိုရင် Confirm ကိုနှိပ်ပါ။ Assets Destination နေရာမှာက ဝယ်ပြီးတဲ့ coin တွေကိုဘယ်မှာ သိမ်းထားမှာလဲဆိုတာကိုရွေးရမှာပါ။ ကျွန်တော်က အတိုးတွေပါ ထပ်ရချင်တာကြောင့် Earn - Flexible Assets ထဲမှာသိမ်းပါ့မယ်။ ပြီးရင် Advanced options ကိုထပ်နှိပ်ကြည့်ပါ။ Plan Name နေရာမှာ ကိုယ်ကြိုက်တာ ထည့်လို့ရသလို ဒီအတိုင်းထားရင်လည်း ရပါတယ်။ ကျွန်တော်က My Flower’s DCA လို့ထည့်လိုက်ပါ့မယ်။ ဒါက ကျွန်တော့်ကောင်မလေးရဲ့ crypto တွေမို့လို့ပါ။ ကျန်တာတွေက ဘာမှ ပြင်စရာမရှိတော့ပါဘူး။ ပြီးရင် Create a plan ကိုနှိပ်ပါ။ ဒါဆိုရင် DCA Portfolio တစ်ခုတည်ဆောက်တာ အောင်မြင်သွားပါပြီ။ ထပ်ပြီးတည်ဆောက်ချင်တယ်ဆိုရင် အခုလိုနည်းလမ်းအတိုင်း ထပ်ပြီးတည်ဆောက်ဆောက်လို့ရပါတယ်။ တည်ဆောက်ထားတာတွေကို ပြန်ကြည့်ချင်တယ်ဆိုရင် My Plan ထဲကိုဝင်ပြီးတော့ ပြန်ကြည့်လို့ရပါတယ်။ My Flower’s DCA ဆိုတာက ခုဏက ကျွန်တော်တို့တည်ဆောက်လိုက်တဲ့ Plan ဖြစ်ပါတယ်။ Amount per period က တစ်ကြိမ်ဝယ်ရင် Dollar ဘယ်လောက်အသုံးပြုမလဲ ဆိုတာပါ။ Total invested ဆိုတာက အခု Plan ကိုစပြီး ဖန်တီးကတည်းက အခုချိန်ထိ Dollar ဘယ်လောက်ထည့်ထားပြီးလဲ ဆိုတာပါ။ ကျွန်တော်တို့က ခုမှစတာကြောင့် 0 USD ပဲဖြစ်နေပါတယ်။ Status က အခု Plan ကို ရပ်ထားချင်လား ဆက်သွားချင်လားဆိုတာပါ။ ရပ်ထားချင်ရင်တော့ အဲဒါကို နှိပ်လိုက်လို့ရပါတယ်။ ပြီးရင် အချိန်မရွေး ပြန်ဖွင့်လို့ရတယ်။ Next Auto-invest မှာက နောက်တစ်ကြိမ် coin မယ့်အချိန်ပါ။ one-time က တစ်ကြိမ်ပဲဝယ်မယ်လို့ပြောတာပါ။ အဲ့တာကိုတော့ သွားနှိပ်ပါနဲ့။ ကျွန်တော်တို့က နေ့တိုင်းဝယ်မှာမို့လို့ပါ။ view detail မှာက Plan အသေးစိတ်ကို ကြည့်လို့ရပါတယ်။ တကယ်လို့ Plan ကိုအကြောင်းအမျိုးမျိုးကြောင့် ဖျက်ချင်တယ်ဆိုရင် အောက်ဆုံးက Remove Plan ကိုနှိပ်လို့ရပါတယ်။ ဒါဆိုရင် အခု Plan က လက်ရှိရှိထားတဲ့ အမြတ်တွေနဲ့ ထွက်သွားပါလိမ့်မယ်။ ကျွန်တော် Back နဲ့အရှေ့ကိုပြန်သွားပါမယ်။ တကယ်လို့ ကိုယ်က အခု DCA Plan တွေကိုပြန်ပြင်ချင်တယ်ဆိုရင် အပေါ်က Go to convert Recurring ကို ပြန်နှိပ်ပါ။ Scroll ဆွဲပြီးတော့ ကိုယ်ပြင်ချင်တဲ့ Plan ကိုရွေးပါ။ Edit Plan ကိုနှိပ်ပြီးတော့ ကိုယ်ကြိုက်တဲ့ ပုံစံအတိုင်း ပြန်ပြင်လို့ရပါတယ်။ ဆိုတော့ ညီကိုတို့အနေနဲ့ DCA တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ အသေးစိတ် သိသွားလောက်ပြီလို့ထင်တယ်။ ညီကိုတို့ တည်ဆောက်ပြီးရင် ဘယ် coin တွေကို ရွေးထားလဲ ဆိုတာ အောက်က comment မှာရေးခဲ့ပေးပါဦး။